code · stories
Z

Zweman Hiro

Software Engineer Author
ပံ့ပိုးကူညီရန်

ဒီခရီးကို အတူဆက်လက်ခရီးနှင်ကြရအောင်

၂၀၁၇ ခုနှစ်မတိုင်ခင်ကတည်းက Zweman Hiro နဲ့ Hanazakari Japan Page တွေမှာ ဂျပန်နည်းပညာ၊ သတင်းနဲ့ ဗဟုသုတတွေကို အခုအချိန်အထိ အခမဲ့ ဘာသာပြန်ပြီး မျှဝေလာခဲ့ပါတယ်။

ဒီစာမျက်နှာတွေကို ပိုက်ဆံရှာဖို့ ဖန်တီးထားတာ မဟုတ်ပါဘူး။ အချိန်၊ အင်အား၊ အင်တာနက်စရိတ်တွေကို ကိုယ်တိုင်ခံပြီး ဝါသနာအရ တင်ဆက်နေတာပါ။ ဒါကြောင့် “ဒီလိုသတင်းတွေတင်လို့ ဝင်ငွေရနေမှာပဲ” လို့ ထင်နေသူများရှိရင် အမှန်တရားက အဲဒီလို မဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်။

ကိုယ်တိုင်က နည်းပညာနယ်ပယ်မှာ အလုပ်လုပ်သူတစ်ယောက်ဖြစ်တဲ့အတွက် Social Media Monetization စနစ်တွေကို ကောင်းကောင်းနားလည်ပါတယ်။ ရနိုင်တဲ့ ဝင်ငွေအနည်းငယ်အတွက် အာရုံနောက်မခံပဲ ကိုယ်ယုံကြည်တဲ့ ဗဟုသုတတွေကို အားလပ်ချိန်မှာ ဆက်လက်မျှဝေတာကိုပဲ ရွေးချယ်ထားပါတယ်

ကျွန်တော်က မီဒီယာသမား မဟုတ်ပါဘူး။

သတင်းမီဒီယာတွေမှာလည်း ဝန်ထမ်းလစာ၊ ကြော်ငြာ၊ စာစောင်ရောင်းချမှု၊ Member Subscription စတဲ့ ဝင်ငွေအရင်းအမြစ်တွေ လိုအပ်ပါတယ်။ ဒါက သူတို့အတွက်လည်း သဘာဝကျတဲ့ လုပ်ငန်းပုံစံပါ။

ဒါပေမယ့် ကျွန်တော်လုပ်နေတဲ့ ဒီစာမျက်နှာတွေကတော့ အဲဒီလိုလုပ်ငန်းတစ်ခု မဟုတ်ပါဘူး။ အဖွဲ့အစည်းတစ်ခုရဲ့ လက်အောက်မှာလည်း မရှိသလို ဘယ်နိုင်ငံရေး၊ ဘယ်အုပ်စုရဲ့ ဝါဒကိုမှ ကိုယ်စားပြုပြီး ရေးသားနေတာလည်း မဟုတ်ပါဘူး။

ကျွန်တော်ယုံကြည်တာက အချက်အလက်မှန်ကို အချက်အလက်အဖြစ် မြင်နိုင်ဖို့၊ ဗဟုသုတကို ဗဟုသုတအဖြစ် လက်ခံနိုင်ဖို့ ပါ။ ဘယ်ဘက်ကိုမှ မလိုက်ဘဲ ကိုယ်လေ့လာထားသလောက် တတ်နိုင်သမျှ ဘက်မလိုက်ဘဲ မျှဝေဖို့ ကြိုးစားပါတယ်။

ငွေအများကြီးရှိဖို့၊ ဇိမ်ခံဘဝနေရဖို့ထက် ကိုယ်ယုံကြည်တဲ့အရာကို လုပ်ရင်း စိတ်အေးချမ်းစွာ နေနိုင်ရင် လုံလောက်ပြီလို့ ခံယူထားပါတယ်။

ဒီစာမျက်နှာကို အခုထိ ဆက်လုပ်နေနိုင်တာကလည်း ဝါသနာကြောင့်ပါ။ ဒါပေမယ့် အချိန်၊ အလုပ်၊ ဘဝအခြေအနေတွေကြောင့် တစ်နေ့နေ့မှာ အရင်လို အချိန်ပေးပြီး မျှဝေနိုင်မှာ မဟုတ်တော့တဲ့နေ့ ရောက်လာနိုင်ပါတယ်။

အဲဒီကြောင့် ကျွန်တော့် ဘာသာပြန်တွေ၊ ဗဟုသုတမျှဝေမှုတွေကို တန်ဖိုးရှိတယ်လို့ ခံစားရပြီး ဆက်လက်ဖန်တီးနိုင်ဖို့ အားပေးချင်တယ်ဆိုရင် ကော်ဖီတစ်ခွက်တိုက်တဲ့ သဘောနဲ့ ပံ့ပိုးပေးလို့ ရပါတယ်။

အမှန်အတိုင်းပြောရင် အခုအချိန်အထိ ဒီစာမျက်နှာတွေကနေ ဝင်ငွေမရှာပါဘူး။ ဒါပေမယ့် အဲဒီအတွက် ရပ်လိုက်တာမျိုးလည်း မရှိပါဘူး။ ဝါသနာရှိသရွေ့ ဆက်လက်တင်ဆက်နေဦးမှာပါ။

ကျွန်တော် မျှော်လင့်တာက ပိုက်ဆံထက် စာဖတ်သူတွေ ပိုပြီး စဉ်းစားတတ်လာဖို့၊ အချက်အလက်ကို သေချာသုံးသပ်တတ်လာဖို့၊ အမြင်မတူသူကို မုန်းတီးမယ့်အစား နားလည်ပေးတတ်လာဖို့ ပါ။

မြန်မာလူ့အဖွဲ့အစည်းမှာ အပြန်အလှန် လေးစားမှု၊ ယဉ်ကျေးတဲ့ ဆွေးနွေးမှုနဲ့ အတွေးအခေါ်ဖလှယ်မှုတွေ ပိုများလာမယ်ဆိုရင် ကျွန်တော့်အတွက် အဲဒါက အကြီးမားဆုံး အားပေးမှုပါပဲ။

ကျွန်တော့်ရဲ့ ဘာသာပြန်နဲ့ ဗဟုသုတမျှဝေမှုတွေက မိတ်ဆွေအတွက် တန်ဖိုးရှိတယ်လို့ ခံစားရရင် ကော်ဖီတစ်ခွက်တိုက်ကာ အားပေးနိုင်ပါတယ်။

မိတ်ဆွေရဲ့ ပံ့ပိုးမှုတိုင်းဟာ နောက်ထပ် ဘာသာပြန်၊ ဗဟုသုတနဲ့ သတင်းအသစ်တွေကို ဆက်လက်ဖန်တီးနိုင်ဖို့ ခွန်အားတစ်ခု ဖြစ်ပါတယ်။

အမြဲတမ်း ဖတ်ရှုပေးပြီး အားပေးနေတဲ့ မိတ်ဆွေတိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။ 🙏

မိတ်ဆက်

နေ့ဘက်မှာ Software Engineer တစ်ယောက်အနေနဲ့ Codeရေး၊
ညဘက်အားလပ်ချိန် ဝါသနာနဲ့ အခမဲ့ သတင်းရေး၊ဘာသာပြန်

မင်္ဂလာပါ။ ကျွန်တော် ဇွဲမာန် 91 Born ပါ။ Software engineer တစ်ယောက်အနေနဲ့ product တွေ တည်ဆောက်ရင်း၊ အားလပ်ချိန်မှာ စာရေးပါတယ်။

Technology နဲ့ ဖန်တီးမှုကို တစ်ခုတည်းအဖြစ် မြင်တတ်သူတစ်ယောက်ပါ။ ကိုယ်တိုင်လေ့လာသင်ယူမိတဲ့ အရာတွေ၊ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို လူတိုင်း နားလည်လွယ်အောင် ရိုးရိုးရှင်းရှင်း ပြန်လည်မျှဝေဖို့ ကြိုးစားနေပါတယ်။

ဘာတွေ လုပ်ဖြစ်လဲ
Build

Software Engineer

Web application တွေ၊ product တွေကို တည်ဆောက်ပါတယ်။လက်ရှိ IOT နဲ့ Smart System နိုင်ငံခြား Projectတွေမှာ Python နဲ့ရေးသားနေသူပါ။

Write

Author

အတွေးအမြင်တွေ၊ လေ့လာမှုတွေ၊ နည်းပညာတွေ ကိုရေးသားဖော်ပြပါတယ်။

အခမဲ့ app တွေ

ဖန်တီးထားတဲ့ အခမဲ့ app လေးတွေ
Store မလိုဘဲ browser ကနေ သွင်းလို့ရပါတယ်

ဖုန်းထဲ သွင်းနည်း — app နှစ်ခုလုံး အတူတူပါ

Install app
Android · Chromeညာဘက်အပေါ် မီနူးကနေ Install app ကို ရွေးပါ။
Add to Home Screen
iPhone · Safariအောက်ဘက် Share ကနေ Add to Home Screen ကို ရွေးပါ။

Computer (Chrome / Edge) မှာဆိုရင် address bar ရဲ့ ညာဘက်မှာ ပေါ်လာတဲ့ install သင်္ကေတလေးကို နှိပ်ပါ။ ဖျက်ချင်တဲ့အခါလည်း သာမန် app လိုမျိုး icon ကို ဖိပြီး Remove / Uninstall နှိပ်လိုက်ရုံပါ။

ဂျပန် – မြန်မာ အဘိဓာန် အခမဲ့

jpmm-dict.pages.dev

JLPT N5 မှ N1 အထိ ဂျပန်စကားလုံးတွေကို မြန်မာလို ရှာလို့ရတဲ့ အခမဲ့ အဘိဓာန် app ပါ။ Play Store / App Store မှာ ရှာစရာမလိုပါဘူး — browser ကနေ တိုက်ရိုက် ဖုန်းထဲ သွင်းလိုက်ရုံပါ။ သွင်းပြီးရင် ဖုန်း home screen မှာ icon ပေါ်လာပြီး သာမန် app လိုမျိုး ဖွင့်နိုင်ပါတယ်။

အဘိဓာန်ကို ဖွင့်ကြည့်ရန်

Android · Chrome

  1. Chrome နဲ့ jpmm-dict.pages.dev ကို ဖွင့်ပါ။
  2. ညာဘက် အပေါ်ထောင့်မှာရှိတဲ့ (မီနူး) ကို နှိပ်ပါ။
  3. Install app (သို့) Add to Home screen ကို ရွေးပါ။
  4. Install ကို နှိပ်လိုက်ရင် home screen မှာ icon ရောက်ပါပြီ။

iPhone · Safari

  1. Safari နဲ့ jpmm-dict.pages.dev ကို ဖွင့်ပါ။
  2. အောက်ဘက် အလယ်မှာရှိတဲ့ Share ခလုတ် (အပေါ်ကို မြှားပြထားတဲ့ပုံ) ကို နှိပ်ပါ။
  3. အောက်ကို ဆွဲပြီး Add to Home Screen ကို ရွေးပါ။
  4. ညာဘက် အပေါ်မှာ Add ကို နှိပ်ပါ။

မြန်မာ တားရော့ (Zweman Tarot) အခမဲ့

mystical-tarot.pages.dev

မြန်မာလို ဖတ်ရလွယ်တဲ့ အခမဲ့ တားရော့ app ပါ။ ဒီ app လည်း Store မှာ ရှာစရာမလိုပါဘူး — browser ကနေ တိုက်ရိုက် ဖုန်းထဲ သွင်းလိုက်ရုံပါ။ သွင်းပြီးရင် home screen ကနေ သာမန် app လိုမျိုး ဖွင့်နိုင်ပါတယ်။

တားရော့ကို ဖွင့်ကြည့်ရန်

Android · Chrome

  1. Chrome နဲ့ mystical-tarot.pages.dev ကို ဖွင့်ပါ။
  2. ညာဘက် အပေါ်ထောင့်မှာရှိတဲ့ (မီနူး) ကို နှိပ်ပါ။
  3. Install app (သို့) Add to Home screen ကို ရွေးပါ။
  4. Install ကို နှိပ်လိုက်ရင် home screen မှာ icon ရောက်ပါပြီ။

iPhone · Safari

  1. Safari နဲ့ mystical-tarot.pages.dev ကို ဖွင့်ပါ။
  2. အောက်ဘက် အလယ်မှာရှိတဲ့ Share ခလုတ် (အပေါ်ကို မြှားပြထားတဲ့ပုံ) ကို နှိပ်ပါ။
  3. အောက်ကို ဆွဲပြီး Add to Home Screen ကို ရွေးပါ။
  4. ညာဘက် အပေါ်မှာ Add ကို နှိပ်ပါ။
ချိတ်ဆက်ကြရအောင်

ဘယ်နေရာမဆို တွေ့နိုင်ပါတယ်။